နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော ဝန်ထမ်းအဖွဲ့
အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်
(၆) သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး
ကော်မရှင်မှ ၈-၁၂-၂၀၂၂ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်မှ ၁၅:၅၅ နာရီအချိန်အထိ ကော်မရှင် အဖွဲ့ဝင်
ဒေါက်တာသန်းမြင့်မှလည်းကောင်း၊ ၁၂-၁၂-၂၀၂၂
ရက်နေ့ ၁၃:၀၀ နာရီအချိန်မှ ၁၅:၅၀ နာရီ အချိန်အထိ
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းမှလည်းကောင်း လူ့အခွင့် အရေးဆိုင်ရာ သင်ခန်းစာများ
သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် ကော်မရှင်
အဖွဲ့ဝင်ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင် မောင်မောင်သန်းက
နိုင်ငံတော်နှင့် ပြည်သူ့တာဝန်၊ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရား၊ ကမ္ဘာ့နိုင်ငံ များ၏
လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် စသည့် ဘာသာရပ်များ ကိုလည်းကောင်း
သင်ခန်းစာများ အသီးသီးပို့ချခဲ့ကြရာ စုစုပေါင်း သင်တန်းသား ဦးရေ (၁၇) ဉီး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာတင်မောင် မောင်သန်းတို့က
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်




