မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လုပ်ငန်းခွင်ဝင်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် ခန့်အပ်ပြီးဖြစ်သည့် ဦးစီးအရာရှိ၊
ဒုတိယလူ့အခွင့်အရေးဦးစီးမှူးနှင့် အငယ်တန်းစာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဝင်သင်တန်း၊ (၂/၂၀၂၅)
သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၁၄-၇-၂၀၂၅ ရက်နေ့၊ ၁၀
နာရီအချိန် ကော်မရှင်ရုံး Conference Room ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊
ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံး အရာထမ်းများနှင့် အရာထမ်း/ အမှုထမ်း သင်တန်းသားများ
တက်ရောက်ကြပါသည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ရုံးတွင် လစ်လပ်သော
အရာထမ်း၊ အမှုထမ်းရာထူးများတွင် ဖြည့်စွက်ခန့်ထားသည့် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး
ချောမွေ့အောင်မြင်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက်
ဤလုပ်ငန်းခွင်ဝင်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဌာနအဖွဲ့အစည်းများတွင်
ရုံးလုပ်ငန်းသည် အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများကို
သိရှိနားလည်ပြီး စနစ်တကျဖြင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အရေးကြီးပါကြောင်း၊ ကော်မရှင်၏ ဝန်ထမ်းများသည်
အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများဖြစ်စေရေးဆိုသည့်
လုပ်ငန်းစဉ်မူဘောင် ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေဖို့ ကြိုးစားအားထုတ်ကြရန်
တိုက်တွန်းပြောကြားပါသည်။
လုပ်ငန်းခွင်ဝင်သင်တန်းကို ၁၄-၇-၂၀၂၅ ရက်နေ့မှ ၁၈-၇-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

