နေပြည်တော် အမရာဟိုတယ်တွင် (၂၆-၈-၂၀၁၄ ) ရက်နေ့မှ (၂၇-၈-၂၀၁၄) ရက်နေ့အထိ Training Workshop on the International Convention on the Elimination of all forms of Racial Discrimination ကျင်းပပြီးစီးခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wellenberg Institute (RWI) တို့ပူးပေါင်း၍ Training Workshop on the International Convention on the Elimination of all forms of Racial Discrimination (CERD) ကိုနေပြည်တော် အမရာဟိုတယ်၌ (၂၆-၈-၂၀၁၄ မှ ၂၇-၈-၂၀၁၄) ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပ ခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် RWI မှ resource persons ဖြစ်သူ Professor Mr. Chris Maina Peter (Former Committee member of CERD, current member of the International Law Commission (ILC)နှင့် Mr. Peter Hosking (Former Proceedings Commissioner at the New Zealand Human Rights Commissions တို့မှ  ဦးဆောင်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်(၇)ဦး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော်၊ Myanmar Peace Center ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် လူမျိုးရေးခွဲခြားမှု ပုံသဏ္ဍာန် အားလုံး ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် CERD နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ CERDနှင့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ပါ အချက်အလက်များ နှိုင်းယှဉ်သုံးသပ်ခြင်း၊ CERD ၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ CERD လက်မှတ်ရေးထိုးရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို အလေးထားဆွေးနွေးခဲ့ကြပါသည်။