ပေါက်မြို့၊ မင်းတပ်မြို့နှင့် ဆောမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲများ ပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ၊ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ ပါဝင်သော အဖွဲ့သည် ၂၀၁၅ ခုနှစ် အေပြီလ ၇ ရက်နေ့တွင် ပေါက်မြို့၊ ရွှေပေါက်ပင်ခန်းမ၌လည်းကောင်း၊ ဧပြီလ ၈ ရက်နေ့ နံနက်တွင် မင်းတပ်မြို့နယ် အထက(၁) ခန်းမနှင့် နေ့လယ်ပိုင်းတွင် ဆောမြို့၊ ယောအတွင်းဝန်ဦးဘိုးလှိုင် ခန်းမ၌လည်းကောင်း လူ့အခွင့် အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားများကိုပြုလုပ်ခဲ့ကြရာ မြို့နယ် အသီးသီးမှ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဌာန်းချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်နှိုင်းယှဉ်၍ တာဝန်များအားလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံကပါဝင် ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအကြောင်းအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် ကော်မရှင်အဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

Recent News