ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အလုပ်လျှောက်လွှာခေါ်ယူခြင်း(5-6-2026)
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် (ရုံးချုပ်) ရန်ကုန်တွင် လစ်လပ်လျက်ရှိ သည့် အငယ်တန်းစာရေးရာထူး
လစာနှုန်းကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၆) နေရာ အတွက် အောက်ဖော်ပြပါ
သတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(၂) ၂၂-၆-၂၀၂၆
ရက်နေ့တွင် အသက် (၃၀) နှစ်ထက် မကျော်သူဖြစ်ရမည်၊
(၃) တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူ
သို့မဟုတ် အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(၄) ရွေးချယ်ခံရပါက ကော်မရှင်ကစေလွှတ်မည့်
သင်တန်းများ တက်ရောက်နိုင်ရမည်၊
(၅) အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်မည်ဟု
ကတိခံဝန်ချက်ရေးထိုးရမည်။
၂။ လျှောက်ထားလိုသူများသည်
ကိုယ်တိုင်ရေးလျှောက်လွှာ (Curriculum Vitae (CV) Form) နှင့်အတူ
အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူမှန်/
ဘွဲ့လက်မှတ်မိတ္တူမှန်၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်၊
(ဂ) (၁)
လအတွင်း ပြုလုပ်ထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပါတီနိုင်ငံရေး
ကင်းရှင်းကြောင်း
သက်ဆိုင်ရာ ကျေးရွာ/ ရပ်ကွက် ထောက်ခံစာနှင့် သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ
(မူရင်း)၊
(ဃ) သက်တမ်းရှိ
အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူမှန်၊
(င) တစ်လအတွင်း ရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံ
(၃) ပုံ၊
(ဓါတ်ပုံနောက်ကျောတွင်
အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)
(စ) အခြားကျွမ်းကျင်မှုနှင့်
လုပ်ငန်းအတွေ့အကြုံ အထောက်အထားမိတ္တူများ၊
(ဆ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏
ခွင့်ပြုချက်
နှင့်
ဌာနဆိုင်ရာပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက် (မူရင်း)၊ ရွေးချယ်ခြင်းခံရပါက
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ရမည်။
၃။ အထက်ပါ ရာထူးအတွက် လျှောက်ထားသူများသည် လူတွေ့စစ်ဆေးခြင်းနှင့်
ကွန်ပျူတာ လက်တွေ့စစ်ဆေးခြင်းများ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရမည့်ရက်အား
သီးခြားအကြောင်းကြားမည် ဖြစ်ပါသည်။
၄။ လူတွေ့စစ်ဆေးမည့်ရက်တွင် ပူးတွဲတင်ပြသည့်
မိတ္တူမှန်များ၏ မူရင်းများ တင်ပြရမည်။
၅။ လျှောက်လွှာများကို
ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်
(ရုံးချုပ်)၊ အမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့
လူကိုယ်တိုင် ဖြစ်စေ၊ မှတ်ပုံတင်ပို့စာ (အမြန်ချောပို့) စနစ်ဖြင့်ဖြစ်စေ ၂၂-၆-၂၀၂၆
ရ က် (တနင်္လာနေ့) ရုံးချိန် အတွင်း နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။
၆။ mnhrc.org.mm မှတစ်ဆင့်လည်း
လျှောက်ထားနိုင်ပါသည်။
၇။ သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိလာသော
လျှောက်လွှာများနှင့် စာရွက်စာတမ်း မပြည့်စုံသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
၈။ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်
၀၁၈-၆၅၄၆၇၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်း နိုင်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး