ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူများကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံမှု

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာသန်းမြင့်၊ ဒေါ်နုနုယဉ်နှင့် ဦးကျော်မြင့် တို့သည် ၁၆-၆-၂၀၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တာဝန်ရှိသူများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂။       ယင်းသို့ တွေ့ဆုံရာတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်လုပ်ငန်းများတွင် ဆောင်ရွက်မှုအခြေအနေ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်   အခြေအနေများနှင့် အကျဉ်းထောင်များ၊ အကျဉ်းစခန်းများ၊ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

                                                                                                                                                      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News