ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ဖွင့်လှစ်လျက်ရှိသည့် ရဲအရာရှိများ အထူးမွန်းမံသင်တန်း အမှတ်စဉ် (၂၃) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် နှင့် ကော်မရှင် ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် ဖွင့်လှစ်လျက်ရှိသည့် ရဲအရာရှိများအထူးမွန်းမံသင်တန်းအမှတ်စဉ် (၂၃) တွင် လူ့အခွင့်အရေး အယူအဆ နှင့် သမိုင်းကြောင်း၊ ပဲရစ်အခြေခံမူများနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် လုပ်ငန်းဆေင်ရွက်ချက်များ အကြောင်းတို့ကို ဇူလိုင်လ(၁) ရက်နေ့တွင် သွားရောက်ပို့ချခဲ့ကြပါသည်။

    သင်တန်းသားများမှလည်း သင်တန်းမတက်ရောက်မီနှင့် တက်ရောက်ပြီးနောက် နားလည်လာ သောလူ့အခွင့်အရေးအပေါ် အမြင်သဘောထားများနှင့် လူ့အခွင့်အရေးမြှင့်တင်/ကာကွယ်ရေး လုပ်ငန်းများကို ပိုမိုတိုးတက်လာအောင်မည်ကဲ့သို့ ဆောင်ရွက်သင့်သည်များကို ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။

Recent News