ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅၀) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်လေးသည် ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင် ဖွင့်လှစ်လျှက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းအမှုထမ်း စီမံခန့်ခွဲမှု အမှတ်စဉ် (၅၀) တွင် လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊ ပဲရစ် အခြေခံမူများနှင့် အမျိုးသား လူ့အခွင့်အရေးအကြောင်းတို့ ကို သြဂုတ်လ (၁၀) ရက်နေ့တွင် သွားရောက်ပို့ချခဲ့ကြပါသည်။ သင်တန်းသူ၊ သင်တန်းသားများက သိရှိ လိုသည်များ မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ အလယ်အလတ် အဆင့်အရာထမ်း (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။