ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည် ) တွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၂) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

  • News

၁။      အစိုးရဌာနဆိုင်ရာ အရာထမ်းများ၊ ဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားစေရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၀၈:၂၀ ချိန်မှ ၁၁:၂၀ ချိန်ထိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၊ ကေတုမတီခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် အလယ်အလတ် အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၅၂) သို့ သွားရောက်၍ လူ့အခွင့်အရေး အယူအဆ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တာဝန်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၈၀ ဦး တက်ရောက်ခဲ့ပါသည်။

၂။      သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

Recent News