ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊
ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော
ဝန်ထမ်း အဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၇) ၌
၈-၁၁-၂၀၂၁ ရက်နေ့၊ ၀၈း၀၀ နာရီအချိန်မှ ၁၅း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ
သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင်
လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊
နိုင်ငံတော်နှင့် ပြည်သူ့တာဝန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊
ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ
စသည့် သင်ခန်းစာ ဘာသာရပ်များ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသားဦးရေ
စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



