ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့် အရာထမ်းစီမံ ခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၇) တွင် လူ့အခွင့်အရေးဘာသာရပ် ပို့ချခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒမွှန်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၇) တွင် တက်ရောက်လျက်ရှိသော အဆင့်မြင့်အရာထမ်း (၃၂) ဦးကို လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် နဝရတ်ခန်းမ၌ သွားရောက်ပို့ချခဲ့ကြပါသည်။ သင်ခန်းစာ ပို့ချပြီးနောက် သင်တန်းသူ၊ သင်တန်းသားများက သိရှိလိုသည်များ မေးမြန်းခဲ့ပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

Recent News