ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့်
ဒေါက်တာသန်းမြင့်တို့သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင်
ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၉) ၌
၂-၂-၂၀၂၂ ရက်နေ့၊ ၀၈း၀၀ နာရီအချိန်မှ ၁၅း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ
သင်ခန်းစာများသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကော်မရှင်အဖွဲ့ဝင်
ဦးပေါ်လွင်စိန်က ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရား၊ ကမ္ဘာ့နိုင်ငံ များ၏
လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် အစီရင်ခံစာ၊ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းဆောင်ရွက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က
လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ နိုင်ငံတော်နှင့်
ပြည်သူ့တာဝန် စသည့် ဘာသာရပ်များကိုလည်းကောင်း သင်ခန်း စာများ အသီးသီး ပို့ချခဲ့ကြရာ
စုစုပေါင်း သင်တန်သားဦးရေ (၃၇) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော သင်တန်းသားများမှ
သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန်နှင့်
ဒေါက်တာသန်းမြင့်တို့က ပြန်လည်ဖြေကြားခဲ့ကြပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

