ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၁၀) ၌ ၁၁--၂၀၂၂ ရက် နေ့၊ ၀၈:၀၀ နာရီအချိန်မှ ၁၅း၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်ရေးကြေညာစာတမ်း၊  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး‌ ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံတော်နှင့် ပြည်သူ့တာဝန်၊ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရား၊ ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် စသည့်ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၄၁) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

Recent News