ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

  • News

ကျင်းပသည့် ဝန်ကြီးဌာန။     ဘဏ္ဍာရေးဝန်ကြီးဌာန

ကျင်းပသည့် နေ့ရက်။          ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊

ကျင်းပသည့်အချိန်။             ၁၃:၃၀ နာရီ မှ ၁၆:၀၀ နာရီ အထိ၊

ဆွေးနွေးဟောပြောသည့်ပုဂ္ဂိုလ်များ

ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်

ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်

ဆွေးနွေးဟောပြောသည့် ဘာသာရပ်များ

လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် အခြေခံသဘောတရားများ၊

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက် ချက်များ၊

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ၊

တက်ရောက်သည့် ပုဂ္ဂိုလ်များ

ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၂၀၀) ဦး၊

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် နေပြည်တော်ရှိ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲများကို ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြဦးစီးအဖွဲ့၊ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးစီးအဖွဲ့နှင့် ကော်မရှင် အဖွဲ့ဝင်ဦးယုလွင်အောင် ဦးစီးအဖွဲ့တို့ဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ အလှည့်ကျ ဆွေးနွေးဟောပြောလျက်ရှိရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း (၁၃) ခုတွင် ဟောပြော ဆွေးနွေးပြီး ဖြစ်ပါသည်။ ယခုဘဏ္ဍာရေးဝန်ကြီးဌာနသည် (၁၄) ခုမြောက် ဟောပြောဆွေးနွေးသည့်ဝန်ကြီးဌာနဖြစ်ပြီး ဆက်လက်၍ သမဝါယမဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာန တို့တွင် ရှင်းလင်း ဆွေးနွေးပွဲများ ကိုပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

Recent News