မန္တလေးတိုင်းဒေသကြီးအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI)၊ တို့ ပူးပေါင်းဆောင်ရွက်သည့် လူ့အခွင့်အရေး အသိပညာမြှင့် တင်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပသော “ရပ်ရွာအတွင်း အခြေခံအဆင့် လူ့အခွင့်အရေး အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ၊ ချမ်းအေးသာစံမြိုနယ်ရှိ Hotel 76 ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ အမှာစကားပြောကြား ခဲ့သည်။

၂။       အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမြင့်ကြည်နှင့် ဦးခင်မောင်လေးနှင့် Equality Myanmar မှ ဦးအောင်ဇော်ထွေးတို့က လူ့အခွင့် အရေး ဘာသာရပ်နှင့်စပ်လျဉ်း၍ ဦးဆောင် ဆွေးနွေးခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဝင်များ အပါအဝင် NGO CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲသည် တစ်ရက်တာအစီအစဉ်ဖြစ်ပြီး ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အခြေခံ သဘောတရားများ နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့် ကောင်းများ ထွန်းကားလာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

၃။      အလားတူ လူ့အခွင့်အရေးဆိုင်ရာအသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ(၁၂)ရက်နေ့ နံနက်(၉) နာရီမှ ညနေ (၄)နာရီ အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ နားမကြားသော ကလေးများသင်တန်းကျောင်း၌ ထပ်မံကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အကြားအာရုံချို့တဲ့သူမသန်စွမ်းများ အပါအဝင် NGO CSO များမှ အသင်းဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာများမှ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Recent News