မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နှင့် တံတားဦးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေတို့က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြင်စိုင်းခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၅၁) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်း ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၃၉၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက်လုပ်ထုံးလုပ်နည်းများအကြောင်း တို့ကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများ နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းတို့ကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

Recent News