မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကျင်းပပြုလုပ်ခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ( RWI ) ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲ ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြိုနယ်ရှိ Hotel 76 တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါ အလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် အရာထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည် နှင့် ဦးခင်မောင်လေး တို့က လူ့အခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းနှင့် အနှစ်သာရများ ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ ပဲရစ်အခြေခံမူနှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်များ အကြောင်း၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့်ဆောင်ရွက်ချက်များကို ရှင်းလင်းပို့ချဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံ သင်တန်းအပြီးတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်းတက်ရောက်ကြသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။

Recent News