မသန်စွမ်းများ အတွက် အမျိုးသားအဆင့် လေ့လာစုံစမ်းမှု မိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲ

  • News

မသန်စွမ်းများအတွက် အမျိုးသားအဆင့်လေ့လာစုံစမ်းမှု မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ

Introductory Training Workshop on National Inquiries on the Rights of Persons with Disabilities

14-16 July, 2014

           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ဆွီဒင်နိုင်ငံအခြေစိုက် Raoul Wallenberg Institute (RWI) တို့ပူးပေါင်း၍ Introductory Training Workshop on National Inquiries on the Rights of Persons with Disabilities အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ်တွင် ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်မှ (၁၆)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်   မှ ဥက္ကဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီမှ ဥက္ကဌ အပါအဝင် မြန်မာနိုင်ငံမှ မသန်စွမ်းကိစ္စရေးရာများဆောင်ရွက်နေကြသည့် လူမှုအဖွဲ့အစည်း (၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင်  လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ Survey, Research and Data Collection related with Disability in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဦးနေလင်းစိုး Myanmar Independent Living Initiative မှ Disability Situation in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် အောက်ပါဘာသာရပ်များကို အဓိကဆွေးနွေးခဲ့ကြပါသည်။

−       မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည့် မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of Persons with Disabilities) နောက်ခံအကြောင်းအရာများနှင့် သဘောတူစာချုပ်ပါ အဓိကအကြောင်း အရာများ၊

  အမျိုးသားအဆင့်လေ့လာစုံစမ်းမှုတွင် သတင်းအချက်အလက် ကောက်ယူခြင်းဆိုင်ရာ အကြောင်းအရာများ နှင့် လေ့လာ စုံစမ်းမှုပြုလုပ်ချိန်အတွင်း အထောက်အထားများ ရယူရာ တွင် ကြုံတွေ့ရသည့် အဓိက အခက်အခဲများအပေါ်သုံးသပ်ခြင်း၊ အဖြေရှာခြင်းများ၊

     မသန်စွမ်းသူအခွင့်အရေးများ ကာကွယ်ရေးနှင့်  မြှင့်တင်ရေး ဆိုင်ရာများ၊

     ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှ သန်စွမ်းလှပတို့ရဲ့ ဘဝ ဖြစ်လာစေရေးအတွက် ဆောင်ရွက်သင့် သည့်နည်းလမ်းများ၊

    အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်ကြာကျင်းပခဲ့စဉ်အတွင်း တက်ရောက်လာကြသည့် လူမှုအဖွဲ့အစည်းများမှလည်း မိမိတို့၏ အတွေ့ အကြုံများအပေါ် အခြေခံပြီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏Resource persons များမှာ Prof. Mr. Brian Burdekin AO, Visiting Professor and Former Special Advisor to the High Commissioner for Human Rights on National Institution နှင့် Mr. Graeme Innes AM, Former Federal Disability Discrimination Commissioner of Australia  တို့ဖြစ်ပါသည်။


Recent News