မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ Video Conferencing ဖြင့် အစည်းအဝေးတက်ရောက်

  • News

    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၂/၂၀၂၂) အစည်းအဝေး ကို ၂၅-၁၀-၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) ၁၄:၀၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခင်ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး မသန်စွမ်းသူများ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာကြသော အမျိုးသားအဆင့်ကော်မတီမှ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ (ကိုယ်စားလှယ်များ) က အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ယင်းနောက် In person ဖြင့် တက်ရောက်သည့် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့မှဆွေးနွေးကြပြီး ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ၁၈း၁၅ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။ 

Recent News