မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ Video Conferencing ဖြင့် အစည်းအဝေးတက်ရောက်

  • News

    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ (၁/၂၀၂၂) အစည်း အဝေးကို ၂၃-၃-၂၀၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ၁၄:၀၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားခဲ့ပြီး  ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက ယခင်ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး မသန်စွမ်းသူများအခွင့်အရေးနှင့်စပ်လျဉ်း၍ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို  ဆွေးနွေးတင်ပြခဲ့ပါသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသော  အမျိုးသားအဆင့် ကော်မတီမှအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (ကိုယ်စားလှယ်များ) မှ အသီးသီး ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို (..........) နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။