မီးသတ်စခန်းမှူးသင်တန်း (အမျိုးသား)၊ အမှတ်စဉ် (၁၉/၂၀၂၁) သို့ သင်ခန်းစာသွားရောက်ပို့ချ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်သည်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန၊ လေ့ကျင့်ရေးဌာနစု (ရန်ကုန်)
တွင် ဖွင့်လှစ်လျက်ရှိသော မီးသတ်စခန်းမှူး သင်တန်း (အမျိုးသား)၊ အမှတ်စဉ်
(၁၉/၂၀၂၁) သို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ (၁၄း၀၀) နာရီ အချိန်မှ (၁၅း၃၀)
နာရီအချိန်အထိ သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင်
လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း
စသည့်သင်ခန်းစာများ ရှင်းလင်းပို့ချခဲ့ရာ စုစုပေါင်းသင်တန်းသားဦးရေ (၅၀) ဦး
တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်