မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်များတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးယုလွင်အောင်၊ ဦးခင်မောင်လေး ဦးစိုးဘုန်းမြင့်နှင့် ရုံးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့ ပါဝင်သောအဖွဲ့သည် လူ့အခွင့်အရေး အကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားများကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့၊ ဧရာဝတီခန်းမ၌ လည်းကောင်း၊ ညနေပိုင်းတွင် တောင်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင်လည်းကောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်၊ စပါးခန်းမ၌ လည်းကောင်း ပြုလုပ်ခဲ့ကြရာ မြို့နယ် အသီးသီးမှ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက လူ့အခွင့်အရေး ဆိုင်ရာအနှစ်သာရနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် က ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က နိုင်ငံတကာအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ပါရီအခြေခံမူများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များအပေါ် ကော်မရှင်အဖွဲ့က ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။

Recent News