မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသော ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖိတ်ခေါ် ၂၈ ဩဂုတ် ၂၀၂၆

  • News

 

ရန်ကုန်မြို့ရှိ Lotte Hotel ၌ ၂၈-၈-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် 3rd Life and Safety Seminar သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးနှင့် ‌ဒေါက်တာဆွေဆွေအောင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော ကိုရီးယားလူမျိုး (၅၀) ဦး တက်ရောက်ခဲ့ကြပြီး The Korea Association in Myanmar မှ ဥက္ကဋ္ဌဖြစ်သူ Seo Won Ho က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ကိုရီးယားအသိုက်အဝန်း၏ လုံခြုံရေး၊ ဥပဒေရေးရာ ကာကွယ်စောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက “Residency and Legal Protection for Korean Residents in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်နေကြသော ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများကို ဆက်လက်တိုးချဲ့ရန်နှင့် လုပ်ငန်းရှင်အသစ်များကိုလည်း  ဖိတ်ခေါ်ပေးကြပါရန် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ကိုရီးယားလုပ်ငန်းရှင်များကို တိုက်တွန်းခဲ့ပါသည်။

          ဆွေးနွေးပွဲကို ညနေ (၁၇း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News