မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ ‌လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်း အချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အ‌ရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါ သမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာ‌ပေးရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်‌ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိသော စုံထောက် (အရာရှိ) သင်တန်း အမှတ်စဉ် (၁၉၂/၂၀၂၂) ၌ ၁၂-၆-၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီမှ ၁၄:၅၅ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က လူ့အခွင့်အရေး အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာစသည့် သင်ခန်းစာဘာသာရပ်များ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က ပြန်လည်ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News