မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊
ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး)၌ ဖွင့်လှစ်လျက်ရှိသော တိုက်ပွဲဝင် စည်းရုံးရေး(အရာရှိ)သင်တန်းအမှတ်စဉ် (၂/၂၀၂၂)နှင့် အမှုစစ်(အရာရှိ)
သင်တန်းအမှတ်စဉ် (၇၆/၂၀၂၂) တို့ကို ၂-၂-၂၀၂၃
ရက်နေ့၊ နံနက် ၀၇:၃၀ နာရီမှ ၀၉:၅၀ နာရီအချိန်အထိ လည်းကောင်း၊ မှုခင်း မှတ်တမ်းအရာရှိသင်တန်းအမှတ်စဉ် (၁၇/၂၀၂၃) ကို မွန်းလွဲ ၁၂:၃၀ နာရီမှ ၁၄:၅၀ နာရီအချိန်အထိ လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါ သင်တန်းများတွင် ညွှန်ကြားရေးမှူးချုပ်
ဦးဘုန်းကြွယ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အကြောင်းသိကောင်းစရာ
စသည့်သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းများတွင်
စုစုပေါင်း သင်တန်းသားဦးရေ (၂၄၉) ဦး တက်ရောက်ခဲ့ကြပြီး
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ်
ဦးဘုန်းကြွယ်က
ပြန်လည်ဖြေကြားခဲ့ပါသည်။



