မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၂၅-၁-၂၀၂၄)

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး)၌ ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်းအရာရှိသင်တန်း အမှတ်စဉ် (၁၈/၂၀၂၃) နှင့် တိုက်ပွဲဝင်စည်းရုံးရေး (အရာရှိ)  သင်တန်း အမှတ်စဉ် (၃/၂၀၂၃) တို့ကို ၂၅-၁-၂၀၂၄ ရက်နေ့၊ ၀၇:၃၀ နာရီမှ ၀၉:၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၁၅၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသား များမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။                                                                             
                                                                     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News