မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ချင်းပြည်နယ်၊ ဟားခါးမြို့၌ လူ့အခွင့်အရေး ဆိုင်ရာအလုပ်ရုံသင်တန်းကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ချင်းပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဆွီဒင်နိုင်ငံ Raoul Wallenberg Institute of Human Rights and Humanitarian Law (RWI) ၏ပံ့ပိုးမှုဖြင့် ကျင်းပသော “ချင်းပြည်နယ်ရှိ အစိုးရ ဝန်ထမ်းများအတွက် လူ့အခွင့်အရေး ဆိုင်ရာအလုပ်ရုံသင်တန်း” ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် ဟားခါးမြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဦးဟုန်းငိုင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်နှင့် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး အယူအဆနှင့် သမိုင်းကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာပုံနှင့် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံက အတည်ပြုချုပ်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်စာတမ်းများဖြစ်သော CRC, CEDAW, CRPD တို့တွင် ပြဋ္ဌာန်းပါရှိသည့် လူ့အခွင့်အရေးများ စသည့်ဘာသာရပ်များကို ပို့ချခဲ့ကြပြီး ချင်းပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အစိုးရဌာနများမှ ဌာနဆိုင်ရာ အရာထမ်း စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို သြဂုတ်လ (၁၁) ရက်နေ့မှ(၁၃) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Recent News