မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်းတွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့်  ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် တို့သည် ၁၇-၃-၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၂း၃၀ မှ ၁၅း၄၀ အထိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသော အမှုစစ် (အရာရှိ) သင်တန်း အမှတ်စဉ် (၆၉/၂၀၂၀) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားများက သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုစစ်အရာရှိ စုစုပေါင်း (၂၄၆) ဦး တက်ရောက်ခဲ့ပါသည်။

                                                                                                                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News