မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ အတတ်သင်ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် ၂၃-၁-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၂း၃၀ မှ ၁၅း၄၀ အထိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်း အမှတ်စဉ် (၅/၂၀၁၉) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်း အသီးသီး ရှင်းလင်းပို့ချခဲ့ပါသည်။ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

Recent News