မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် အရာရှိ/စစ်သည်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ခဲ့ပါသည်။ ရှင်းလင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါ သည်။

    ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဆီဆိုင်မြို့မှ ပြန်လည် ထွက်ခွာခဲ့ပြီး လမ်းခရီး၌ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် နာယကကြီး ဦးအောင်ခမ်းထီးအား တွေ့ဆုံဂါရဝပြု နှုတ်ဆက်ခဲ့ပါသည်။ ထို့မှတစ်ဆင့် ပင်လောင်းမြို့သို့ ဆက်လက်ထွက်ခွာ၍ ညအိပ်ရပ်နားခဲ့ပါသည်။

Recent News