မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့တွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ၊ ဖယ်ခုံမြို့၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့်ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား အရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ပြန်လည် ဖြေကြားခဲ့ပါသည်။

Recent News