မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သွားရောက် လှူဒါန်းခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊
ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများ စုပေါင်း၍ ရန်ကုန်မြို့ရှိ Coronavirus
Disease 2019 (COVID– 19) ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ ကျပ်သိန်း(၃၀)တန်ဖိုးရှိ
ပစ္စည်းများအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ
၇ ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်