မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့ အသိပေးခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံသားများ၏ လူ့အခွင့်အရေး ဖောက်ဖျက်ခံရမှုများနှင့် စပ်လျဉ်းသည့် တိုင်တန်းချက်များကို စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိရာ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဥပဒေပါအခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေး များ ဖောက်ဖျက်ခံရခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး သဘောတူစာချုပ်များတွင်ပါရှိသည့် လူ့အခွင့်အ‌ရေးများကို ဖောက်ဖျက်ခြင်းခံရပါက မိမိ ကိုယ်တိုင်နှင့် အခြားသူတစ်ဦးအတွက်သော်လည်းကောင်း၊ လူတစ်စုကို ကိုယ်စားပြု၍သော်လည်း ကောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၃၀ အရ ကော်မရှင်သို့ တိုင် ကြားနိုင်ပါသည်။

       တိုင်ကြားမှုကို ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် (၂၇)၊ (၆) မိုင် ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့နှင့် နေပြည်တော်၊ မန္တလေး၊ စစ်တွေ၊ ပုသိမ်မြို့များရှိ ကော်မရှင်ရုံးခွဲများသို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ ဖက်စ်နံပါတ် ၀၁၈-၆၅၄၆၇၈ သို့ဖြစ်စေ၊ e-mail လိပ်စာ info@mnhrc.org.mm သို့ဖြစ်စေ အောက်ပါအချက်များ (အားလုံး) ပြည့်စုံစွာ ဖော်ပြတိုင်ကြားနိုင်ပါသည်-

(က)    တိုင်ကြားသူ၏ အမည်၊ အမြဲတမ်းနေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့် အစုံ၊ (ဆက်သွယ်ရန် ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိလျှင် ထည့်သွင်းဖော်ပြရန်)

(ခ)     တိုင်ကြားသူသည် မည်ကဲ့သို့ လူ့အခွင့်အရေး ဖောက်ဖျက်ခံရပြီး နစ်နာဆုံးရှုံးကြောင်း ပြည့်စုံစွာဖော်ပြချက်၊ လိုအပ်ပါက မှတ်တမ်းဓာတ်ပုံနှင့် အထောက်အထားမိတ္တူများ ပူးတွဲလျက်ပေးပို့ရန်၊

(ဂ)     တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ မဖြစ်မနေ ပူးတွဲပေးပို့ရန်၊

(ဃ)    တိုင်ကြားချက်ပါ အကြောင်းအရာများ မှန်ကန်ကြောင်း တိုင်ကြားသူမှ လက်မှတ် ရေးထိုးပေးပို့ရန်။

      ကော်မရှင်သည် တိုင်တန်းချက်များနှင့် စပ်လျဉ်း၍ စိစစ်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥပဒေအရ တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲအမှုများ၊ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု ဝင်ရောက်ဆဲအမှုများနှင့် အပြီးသတ် စီရင်ဆုံးဖြတ်ပြီးသော အမှုများမှအပ ကော်မရှင်ဥပ‌ဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး၍ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင်