မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee တို့တွေ့ဆုံခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee တို့သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးတွင် တွေ့ဆုံခဲ့ကြပါသည်။

    ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေး လုပ်ငန်းများ နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်မှုများနှင့် ကော်မရှင်က နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။