မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ တွေ့ဆုံဆွေးနွေးခြင်း
မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်
ဒေါက်တာဆွေဆွေအောင် ဦးဆောင်၍ ဒုတိညွန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊
ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးသူရကျော်၊ ဦးဇေယျာလင်းတို့သည် အပြည်ပြည်ဆိုင်ရာ
ကြက်ခြေနီကော်မတီ (ICRC) မှ
Protection Coordinator ဖြစ်သူ Mr.
Sebastien Bole Besancon ဦးဆောင်သော
ကိုယ်စားလှယ် အဖွဲ့အား ၁၆-၇-၂၀၂၆ ရက်နေ့ ၁၁း၀၀ နာရီအချိန်၌ ကော်မရှင်ရုံး Call Room တွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင်
ကော်မရှင်က ဆောင်ရွက်လျှက်ရှိသည့် လူ့အခွင့်အရေးမြှင့်တင် ပညာပေးရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ICRC ၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ အဖွဲ့အစည်းနှစ်ရပ်ကြား
ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး
တွေ့ဆုံဆွေးနွေးမှုကို နေ့လယ် ၁၂း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်