မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ASEAN CSR Network မှ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

  • News

    ASEAN CSR Network Ltd မှ Chief Executive Officer ဖြစ်သူ Mr. Thomas Thomas နှင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  မှ Joint Secretary General ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်တို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လာရောက်ကာ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့် စပ်လျဉ်း၍ လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ကိုယ်စားလှယ်များအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လက်ခံတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်အတွက် နှစ်ဘက်ပူးပေါင်း ညှိနှိုင်းမှုများပြုလုပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

 

Recent News