မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနအား ကြည့်ရှုစစ်ဆေးခြင်း

  • News

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ၁၀--၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရကျွေးမွေးမှု၊ အခြေခံပညာနှင့် မူကြိုပညာရေးအတွက် ဆောင်ရွက်ပေးနေမှုစသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်း ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News