မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် ဦးဆောင်၍ ညွှန်ကြားရေးမှူး (ကာကွယ်) ဦးသူရကျော်နှင့် ညွှန်ကြားရေမှူး (နိုင်ငံတကာ) ဦးဇေယျာလင်းတို့ ပါဝင်သောအဖွဲ့သည် ၁၅-၁၁-၂၀၂၁ ရက်နေ့၊ မွန်းလွဲ ၁၂း၅၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနရုံးချုပ်တွင် အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနှင့်အဖွဲ့အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

၂။       တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်း စခန်းများကို ကော်မရှင်ဥပဒေအရ ကြည့်ရှုစစ်ဆေးနေသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်၊ အကျဉ်းစခန်းများ ပြုပြင်ပြောင်းလဲရေး နှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်မှုများ၊ တိုးတက်မှုများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၃း၁၅ နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

                                                                                                                                                               မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News