မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများအားပညာသင်စရိတ်ထောက်ပံ့ပေးအပ် (၆-၅-၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဝန်ထမ်းများ၏
အခြေခံပညာကျောင်းနေအရွယ် သားသမီးများအား ဒုတိယအကြိမ်
ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်
ကော်မရှင်ရုံး၌ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး
ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများ တက်ရောက် ကြပါသည်။
ဦးစွာ
ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဝန်ထမ်းများအနေဖြင့် သားသမီးများအတွက် ပညာအမွေပေးနေကြခြင်းကို
ကော်မရှင်က ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ပညာသင်ယူခြင်းသည် အသိ ပညာ၊ ဗဟုသုတများ
ပြည့်စုံစေပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရရှိကြကာ ဘဝတန်ဖိုးကို
မြင့်တက်စေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပညာသင်ယူ ခွင့်၊ ပညာသင်ကြားခွင့်တို့နှင့်
စပ်လျဉ်း၍ ထုတ်ပြန်ကြေညာထားသည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) တွင်လည်း နိုင်ငံသားတိုင်း ပညာသင်ကြားပိုင်ခွင့်ကို ပြဋ္ဌာန်းထားပါ ကြောင်း၊
ကျောင်းသား/ ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိနားလည်ပြီး
ပညာစွမ်းရည်ဖြင့် နိုင်ငံတော်ကို ပြန်လည်အလုပ်အကျွေးပြုနိုင်မည့် သားကောင်းရတနာ၊
သမီးကောင်းရတနာများ ဖြစ်လာကြစေရန် ကြိုးစားစေလိုကြောင်းဖြင့် အမှာစကား ပြောကြားပါ သည်။
ထို့နောက်
ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်
သားသမီး (၁၇) ဦးအား ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားမိဘ ဝန်ထမ်းတစ်ဦးက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
