မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးဝန်ထမ်းများအတွက် အခြေခံရုံးလုပ်ငန်းသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ခြင်း

  • News

၁။    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း/ အမှုထမ်းများအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ ၁၉-၂-၂၀၂၄ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံး အရာထမ်းများနှင့် သင်တန်းတက်ရောက်ကြမည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပါသည်။

၂။    အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ ဤသင်တန်းသည် ကော်မရှင်၏ ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက် (Operational Plan) ရည်မှန်းချက်ပန်းတိုင် (၆) တွင် သတ်မှတ်ထားသည့်အတိုင်း အရည်အချင်းပြည့်ဝပြီး လုပ်ငန်းအပေါ် သစ္စာရှိသော ဝန်ထမ်းကောင်းများ ရရှိစေရန် လေ့ကျင့် သင်ကြားပေးခြင်းဖြင့် လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အခြေခံရုံးလုပ်ငန်းများကို  မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် အရေးကြီးသည့်အတွက် သင်တန်းသားများအနေဖြင့် ဂရုတစိုက် မှတ်သားစေလိုကြောင်း၊ သင်တန်းပို့ချမည့်ဆရာများကလည်း စေတနာထားပြီး လက်တွေ့ အတွေ့အကြုံများနှင့် ယှဉ်တွဲပို့ချပေးစေလိုပါကြောင်း၊ ကော်မရှင်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ စွမ်းဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန် ခံယူမှတ်သားကြစေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အခြေခံရုံးလုပ်ငန်းသင်တန်းကာလသည် ၁၉-၂-၂၀၂၄ ရက်နေ့မှ ၁-၃-၂၀၂၄ ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Hybrid ပုံစံဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် ရုံးခွဲမှဝန်ထမ်းများပါ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား ၁၃ : ၃၀ နာရီအချိန်တွင် ရုပ်သိမ်းပါသည်။

 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News