မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးဝန်ထမ်းများအတွက် ၂၀၂၃ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း/အမှုထမ်းများအတွက် ၂၀၂၃ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို    ၉-၁၀-၂၀၂၃ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ရမည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ၌ သင်တန်းဖွင့်လှစ်ရခြင်းသည် ရုံးလုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်စေဖို့နှင့် ရုံးလုပ်ငန်းများ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ရုံးလုပ်ငန်းသဘောတရား၊ ဝင်စာထွက်စာများအရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်း၊ ပစ္စည်းမှာယူထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း၊ ရုံးစာရေးသားနည်း၊ စာပေးစာယူ၊ မှတ်စုလွှာရေးသားနည်း၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ခရီးသွားမှတ်တမ်းရေးသားခြင်း၊ လုပ်ငန်းမှတ်တမ်းရေးသားခြင်း၊ လုပ်ငန်းစီမံချက်ရေးသားခြင်း၊ ရုံးလုပ်ငန်းများစစ်ဆေးခြင်း၊ ရုံးလုပ်ငန်းများကွပ်ကဲခြင်းစသည့် ဘာသာရပ်(၁၅)ခုကို သင်ကြားသွားမှာဖြစ်ကြောင်း၊ အဆိုပါဘာသာရပ်များသည် ရုံးလုပ်ငန်းများစွမ်းဆောင်ရာတွင် အရေးကြီးသည့်အပြင် ကော်မရှင်၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အရည်အသွေးမြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံသင်တန်းပြီးလျှင်လည်း အခြားစွမ်းဆောင်ရည်မြင့်မားစေမည့် သင်တန်းများဖွင့်လှစ်သွားရန် ရှိပါကြောင်း၊ သင်ကြားပေးမည့် နည်းပြများအနေဖြင့်လည်း အားထုတ်သင်ကြားပေးစေလိုပြီး သင်တန်းသား/သူ များအနေဖြင့်လည်း အလေးထားကြိုးစား သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင်း လိုက်နာရန်စည်းကမ်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

      အဆိုပါသင်တန်းအား ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများအပါအဝင် သင်တန်းသား အရာထမ်း/ အမှုထမ်း (၁၆) ဦးဖြင့် ၉-၁၀-၂၀၂၃ ရက်နေ့မှ ၂၀-၁၀-၂၀၂၃ ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

Recent News