မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးဝန်ထမ်းများအတွက် ၂၀၂၃ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း(ပထမအကြိမ်) ဖွင့်လှစ်ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း/အမှုထမ်းများအတွက် ၂၀၂၃ခုနှစ်၊ အခြေခံရုံးလုပ်ငန်းသင်တန်း (ပထမအကြိမ်)သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၁၆-၈-၂၀၂၃ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းတက်ရောက်ရမည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

၂။    အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ကော်မရှင်ရုံးဝန်ထမ်းများ အမှန်တကယ် တက်မြောက်ရန်လိုအပ်သည့် အခြေခံရုံးလုပ်ငန်းဘာသာရပ်များဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ဂရုတစိုက်သင်ကြားစေလိုကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းသည် ကော်မရှင်ရုံးမှ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အခြေခံရုံးလုပ်ငန်းကို သိရှိနားလည်ရန် လိုအပ်သည့်ဘာသာရပ်များဖြစ်ကြောင်း၊ သင်တန်းကာလအား ၁၆-၈-၂၀၂၃ ရက်နေ့မှ ၃၀-၈-၂၀၂၃ ရက်နေ့အထိ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်းပြောကြားပါသည်။ ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အခြေခံရုံးလုပ်ငန်းသင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

၃။    အဆိုပါသင်တန်းအား ကော်မရှင်ရုံး၊ ရုံးချုပ်နှင့် ရုံးခွဲများအပါအဝင် သင်တန်းသားဦးရေ (၁၉) ဦးဖြင့် (ပထမအကြိမ်) ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလ(၁၀)ရက် ကြာမြင့်မည်ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News