မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၏ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် ရုံးတွင်းစစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် ရုံးတွင်း အရာထမ်း/အမှုထမ်းများ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့၊ ၁၀း၀၀ နာရီအချိန် Conference room တွင် ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက စစ်တုရင်အဖွင့်ရွှေ့ကွက်ကို စတင်ရွှေ့ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကိုကျင်းပခဲ့ပါသည်။

    ထို့နောက် ၁၆း၀၀ နာရီအချိန် စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ တတိယဆုရရှိသည့် ဦးနိုင်သိန်းစိန်အား ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥမ္မာကျော်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဦးရဲနောင်လွင်အား ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင် ကလည်းကောင်း၊ ပထမဆုရရှိသည့် ဦးကြည်စိုးအား ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက လည်းကောင်း ဆုများအသီးသီး ချီးမြင့်ခဲ့ကြပြီး အခမ်းအနားကို ၁၇း၀၀ နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

    အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအရာထမ်း/အမှုထမ်း များ၊ ဖိတ်ကြားထားသည့် ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News