မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မိဘမဲ့ဂေဟာများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင် သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၇-၁၁-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ်ပရဟိတ မိဘမဲ့ကျောင်းသို့လည်းကောင်း၊     -၁၁-၂၀၂၄ ရက်နေ့တွင် လယ်ဝေးမြို့နယ်ရှိ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်) သို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် ကလေးများအား ကျား/ မ ခွဲခြားပြီး ဂေဟာရှိ အိပ်ဆောင်များအလိုက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု အခြေအနေ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ သုံးစွဲနိုင်မှုအခြေအနေများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာ ဖွံ့ဖြိုးတိုးတက်လာစေ‌ရန် ပြုစုစောင့်ရှောက်ပေးမှုအခြေအနေ ပညာသင်ကြားခွင့်၊ အသက်မွေး ဝမ်းကျောင်း ပညာသင်ကြားခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၃။      ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ပါ သည်။ 

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News