မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၇-၉-၂၀၂၅ ရက်နေ့နှင့် ၁၈-၉-၂၀၂၅
ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ ရမည်းသင်းအကျဉ်းထောင်၊ မြို့မရဲစခန်းအချုပ်ခန်းနှင့်
နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ကင်းသာ (၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ (၂)
ကုန်ထုတ်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၁၇-၉-၂၀၂၅ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်
ရမည်းသင်းအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို
အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူတစ်ဦး၏
အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ မရှိနှင့် စပ်လျဉ်းသည့်
နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊
ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊
သန့်ရှင်းသော သောက်ရေ ပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန်
ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု အခြေအနေ၊
ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော
အသုံးအဆောင်ပစ္စည်းများ ရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက်
ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ
ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှုအခြေအနေတို့ကို
မေးမြန်းပြီး အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း
ညှဉ်းပန်း နှိပ်စက်မှု ရှိ/ မရှိ၊
ထောင်ဝင်စာလာရောက်တွေ့ဆုံသည့်
အကျဉ်းသားမိသားစုဝင်တို့ကို ထောင်ဝင် စာ အခက်အခဲ
ရှိ/ မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို မေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/
အချုပ်သူ (၃) ဦးကို မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများကိုလည်း
လိုက်လံစစ်ဆေးခဲ့ပါသည်။
၁၈-၉-၂၀၂၅ ရက်နေ့တွင် အကျဉ်းဦးစီးဌာန၊ ကင်းသာ (၁)
ကုန်ထုတ်စခန်းနှင့် ကင်းသာ (၂) ကုန်ထုတ်စခန်းများအား ကြည့်ရှုစစ်ဆေးစဉ်
အကျဉ်းသားများကို အိပ်ဆောင်အလိုက် စုစည်းတွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏
အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု
အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန်ဆောင်ရွက်ပေးနေမှုအခြေအနေ၊
မိသားစုလာရောက်တွေ့ဆုံနိုင်မှုအခြေအနေ၊ လွတ်လပ် စွာယုံကြည်ကိုးကွယ်ခွင့်၊
ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော
အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ကျန်းမာရေးကြံ့ခိုင်ရေးအတွက်
ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း
ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အချိန်ပိုအလုပ်ဆင်းစေမှု
ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု
ရှိ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ကာ သီးခြားတွေ့ဆုံခွင့် တောင်းခံသူ
အကျဉ်းသား (၇) ဦးတို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး အကျဉ်းသား/အကျဉ်းသူ၊
အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊
စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ချိုးရေကန်များနှင့်
အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာတွေ့ဆုံ သည့်နေရာတို့ကို
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည့်အပြင် ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကိုလည်း
လိုက်လံစစ်ဆေးခဲ့ပါသည်။
ရမည်းသင်းအကျဉ်းထောင်၊ ကင်းသာ (၁)
ကုန်ထုတ်စခန်းနှင့် ကင်းသာ (၂) ကုန်ထုတ် စခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/သူများ
လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းမြို့မရဲစခန်းအချုပ်ခန်းအား ဝင်ရောက်ကြည့်ရှု
စစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု
ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု အခြေအနေ၊ တရားရုံးတွင်
ရုံးထုတ်ချိန် ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း
မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ်
မိသားစုဝင်များ၊ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား
အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်း ပြီး အချုပ်ခန်းများအား
ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့
ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


