မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့ Online Platform အသုံးပြု၍ တွေ့ဆုံဆွေးနွေးခြင်း
မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးနှင့်
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဆွေဆွေအောင်တို့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mrs. Yana Lantratova နှင့် ကော်မရှင် နှစ်ရပ်အကြား လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ
ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ၁၀-၇-၂၀၂၆ ရက်နေ့ နေ့လယ် ၂း၃၀ နာရီအချိန်တွင် Online Platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါ
သည်။
တွေ့ဆုံဆွေးနွေးရာတွင်
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ အတွက်
ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်
ထိတွေ့ဆက်ဆံမှုတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး
တွေ့ဆုံဆွေးနွေးမှုကို နေ့လယ် ၃း၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့် အရေး
ကော်မရှင်တို့သည် လူ့အခွင့်အရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို
အားကောင်း ခိုင်မာစေရန်၊ အတွေ့အကြုံ၊ ဗဟုသုတနှင့် ကျင့်သုံးဆောင်ရွက်မှု
ပုံစံကောင်းများကို ဖလှယ်နိုင်ရန် နှင့် အဖွဲ့အစည်း နှစ်ရပ်အတွက်
အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင် ရန် ရည်ရွယ်၍
ကော်မရှင် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of
Cooperation) ကို ၂၀၂၅ ခုနှစ်အတွင်းတွင် လက်မှတ်ရေးထိုး ချုပ်ဆိုထားပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်