အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) အား ကြည့်ရှုစစ်ဆေးခြင်း (၁၀-၇-၂၀၂၆)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်၊ ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၀-၇-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဥ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းများ လုံလောက်စွာရရှိမှု အခြေအနေ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေ၊ ချိုးရေကန်များ သန့်ရှင်းမှုနှင့် ရေလုံလောက်မှု ရှိ မရှိ၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူမှုဘဝရပ်တည်နိုင်စေရန် စိတ်ဓာတ်ခွန်အားများ ထည့်သွင်းပေါင်းစပ်၍ လေ့ကျင့်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်စေရေးနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေတို့နှင့် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်