မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်ခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေး
အစီအစဉ်ဖြင့် “ ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့်
အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးသင်တန်း၊ Leadership Enhancement and
Organization Development Training ကို ၁၇-၃-၂၀၂၅ ရက်နေ့၊ ၁၀:၀၀
နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference
Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား
ပြောကြားရာတွင် ဤသင်တန်းကို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်မှုများအတွက်
ရှေ့လုပ်ငန်းစဉ် မူဘောင်နှင့် ၂၀၂၅ခုနှစ်အတွက် လုပ်ငန်းစီမံချက်ပါ
ရည်မှန်းချက်ပန်းတိုင်တစ်ရပ်ဖြစ်သော ကော်မရှင်၏ဝန်ထမ်းများ အရည်အချင်း ပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားသော
ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်လျက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းအောင်မြင်စေရန် ခေါင်းဆောင်မှု ကဏ္ဍသည် အရေးကြီးကြောင်း
အဖွဲ့အစည်း၏လုပ်ငန်းများအောင်မြင်စေရန် ဦးဆောင်တာဝန်ယူရသူ တစ်ဦးတည်းဖြင့်လည်း
ဆောင်ရွက်၍ မရကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ခြင်းများသည် အရေးကြီးကြောင်း၊ ခေါင်းဆောင်မှုနှင့်
လေ့လာမှုတို့သည် အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ခေါင်းဆောင်ရာတွင် အသိဉာဏ်ပညာနှင့်
မိမိကိုယ်တိုင် စည်းကမ်းလိုက်နာထိန်းသိမ်းရသကဲ့သို့ သူတစ်ပါးအပေါ်တွင်လည်း စာနာထောက်ထားတတ်ရန် ဆုံးမစကားများရှိကြောင်း၊ ဤသင်တန်းမှ သင်ကြားမှုများသည်
ဝန်ထမ်းများ၏ ခေါင်းဆောင်မှု အရည်အသွေးများ မြှင့်တင်ရုံသာမက
ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များကိုပါ တိုးတက်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။
သင်တန်းအစီအစဉ်အရ
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်က မဟာဗျူဟာမြောက် ခေါင်းဆောင်မှုနှင့်
ပဋိပက္ခစီမံခန့်ခွဲမှုအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်က ခေါင်းဆောင်မှု
လက်တွေ့ အခန်းကဏ္ဍကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးမှ အဖွဲ့တည်ဆောက်ခြင်းအကြောင်းကိုလည်းကောင်း
သင်ကြားပို့ချခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင်များနှင့်
ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။
သင်တန်းသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊
ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ၁၅:၁၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



