မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄) မိတ်ဆက်အခမ်းအနားကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ပူးပေါင်း၍ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄) မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပခဲ့သည်။

    အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ဒေသဆိုင်ရာကိုယ်စားလှယ်၊ အာရှပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်မှ ကိုယ်စားလှယ်၊ နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ UNDP ဌာနေ ကိုယ်စားလှယ် Mr. Peter Batchelor ၊ ဗန်ကောက်မြို့မှ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Cynthia Veliko နှင့် အာရှ- ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်မှ ဒုတိယညွှန်ကြားရေးမှူး Ms. Dargan Phillippa Erica တို့က မိန့်ခွန်းများ ပြောကြားကြပြီးနောက် တက်ရောက်ကြသူများ၏ မေးခွန်းများကို ဖြေကြားကြသည်။

Recent News