မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း (၁၁-၃-၂၀၂၄)

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး‌ ကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ ကောင်းမွန်သောအုပ်ချုပ်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ စိန်ခေါ်မှုများကို လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ခြင်း - THE CHALLENGES OF REFORMS FOR GOOD GOVERNANCE FROM THE HUMAN RIGHTS POINT OF VIEW ”ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောပွဲကို ၁၁ - ၃ -၂၀၂၄ ရက်နေ့၊ နေ့လည် ၁၃း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အသိပညာပေးရေးဟောပြောပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသိပညာမျှဝေခြင်းအစီအစဉ် Knowledge Sharing ပြုလုပ်ခြင်းသည် အဖွဲ့အစည်း၊ ဌာန၊ လုပ်ငန်းအသီးသီး၏ အောင်မြင်မှုတိုးတက် ဖြစ်ပေါ်မှု များအတွက် အဓိကကျသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အစိုးရဌာနအသီးသီးမှ ဝန်ထမ်းများသာမက  လူမှုလူတန်းစားအသီးသီးကလည်း ကျရာအခန်းဏ္ဍမှ လိုက်လျောညီထွေ ပံ့ပို့းဆောင်ရွက်ကြရသည်ဖြစ်ကြောင်း၊ Knowledge Sharing ပြုလုပ်ခြင်းသည် လုပ်ငန်းအသီးသီး ၏ လုပ်ငန်းစွမ်းဆောင်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပိုမိုဆန်းသစ်ဆောင်ရွက်နိုင်ရန်၊ ပိုမိုချောမွေ့အောင်မြင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

၃။      ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းက “ ကောင်းမွန်သောအုပ်ချုပ်မှု အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ခြင်း - THE CHALLENGES OF REFORMS FOR GOOD GOVERNANCE FROM THE HUMAN RIGHTS POINT OF VIEW ခေါင်းစဉ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာတွင် ပါဝင်မှုများ၊ ခေါင်းဆောင်မှု၏ လက္ခဏာများ၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

၄။      ဟောပြောပွဲကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၇၄)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောပွဲအား (၁၅း၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News